Wednesday, January 29, 2014

တံတားဦးပိန်

"တံတားဦးပိန်" ♥♥♥♥♥♥♥♥

သမိုင်းစဉ်လာ
ထည်ဝါခန့်ငြား
ဂုဏ်ကြီးမားသော
တံတားဦးပိန်
မြင်မိချိန်တွင်
ငါ၏စိတ်များ
ပြန်လည်နိုးထ
တရွရွပေါ့.....။

မရောက်ဝေးကွာ
ကြာခဲ့တာကြောင့်
အောင်းမေ့ကာတမ်း
ငါလေလွမ်းပြီ....။

ဒို့တိုင်းဌာနေ
ဤမြန်ပြေ၀ယ်
ထိုသို့တံတား
ရှိခဲ့ငြားကြောင့်
မျိုးရိုးဂုဏ်တင့်
ငါမာန်ဝင့်သည်....။

တိုင်းခြားလူမျိုး
လာလိမ့်နိုးက
အမွေရှေးဟောင်း
နှစ်ထောင်းအားရ
ငါလေပြလိမ့်....။

ဘီဘင်ဘိုးဘွား
ထိန်းသိမ်းထားရစ်
အမွေနှစ်က
ိုစောင့်ရှောက်လက်ကမ်း
သင်ကထမ်းလျှင်...
ကြာရှည်တည်တန့်
ခိုင်ခံပါမည်....။

သြော်...... မရောက်ဝေးကွာ
ကြာခဲ့တာကြောင့်.....
မရောက်ဝေးကွာ
ကြာခဲ့တာကြောင့်......။ ။

(၀င်းမြင့်အောင်)

No comments:

Post a Comment